မနေ့တုန်းက ကိစ္စလေးတွေရှိလို့ စောစော အိပ်ယာထတယ်။ ခါတိုင်းနေမြင့်ရုံတင်မကဘူး မြင့်နေတဲ့နေပါ ပြန်ကျတဲ့အထိ အိပ်ရေးပုပ်လေ့ရှိရာကနေ ရှာရှာပါးပါး စောစောထတဲ့ ရုံးပိတ်ရက်လေးဆိုတော့ မထူးဘူး ကိုယ်စောင့်နတ်လဲ ပျော်ကောင်းပျော်နေမဲ့အတူတူ ကုသိုလ်လေးပါ အပိုရအောင် ဘုရာပန်းလဲဦးမှပါဆိုပြီး ဈေးသွားတယ် ။ ဟိုရောက်တော့ ဝယ်နေကျပန်းသည်စီမှာ ကိုယ်ဝယ်လေ့ရှိတဲ့ ခေါင်(ဂေါင်)မချိုးပဲ တပွင့်တည်းပွင့်စေတဲ့ ချက်စိမ်းက မတင်ထားဘူးဖြစ်နေတယ် ။ ဒီရက်ပိုင်း ရန်ကုန်က အဝယ်မလိုက်လို့ ပန်းဈေးကျတယ်လို့ မေမြို့ကနေကြားထားတာလေးရှိတော့ သူရောင်းမကောင်းလို့နေမှာဆိုပြီး ဈေးရဲ့ ဟိုဘက်တဖက်ခြမ်းက ပန်းသည်စီကို မိုးရွာထားလို့် စိုစိစိနဲ့ ဗွက်နည်းနည်း ဖြစ်နေတဲ့ ကတ္တရာလမ်း အပါက်အပြဲတွေအတိုင်း ဆက်လျောက်သွားလိုက်တယ် ။ ပန်းသည်စီရောက်တော့ ကိုယ်လိုချင်တဲ့ပန်းတင်ထားတော့ ဟုတ်ပြီးဆိုပြီး ဈေးမေးလိုက်တယ်။၁၀ ပွင့်ကို ၂၅၀၀/ ! ဒါဟာပုံမှန်ဈေးထက် တပွင့်ကို ၅၀/ ပိုတင်ထားတဲ့ဈေးပါ။ လိုအပ်နေတော့လဲ ပေးဝယ်ခဲ့ပါရပြန်တာပါပဲ။ အသည်ကတော့ ပြောလိုက်ပါတယ် - ”မောင်လေး ကောင်းကောင်းလေးတွေရွေးပေးလိုက်တယ်နော်တဲ့” ပန်းကိုပြောတာလား? ဈေးတင်ြ...