Skip to main content

မနက်ခင်း YBS

မနက် ၄ နာရီခွဲကျော်ရုံလောက်က အောင်မင်္ဂလာအဝေးပြေးကွင်းထဲကို ရောက်တယ်။ ဆူဆူညံညံအသံတွေထဲ တိတ်တဆိတ်လေး ထွက်လာရင်း Arrival ရဲ့ ထိုက်ခုံတစ်ချို့မှာ အိပ်နေတဲ့ မြင်ကွင်းလေးတွေကို ဓာတ်ပုံရိုက်ချင်ပေမဲ့ လူအုပ်ကြီးရဲ့ လွတ်ရာကျွတ်ရာကနေ လှမ်းရိုက်ဖို့ဆိုတာက ကိုယ့်ဖုန်းအကြောင်း ကိုယ်အသိဆုံးပဲမို့ မြင်ကွင်းကိုကျောခိုင်းခဲ့တယ် ။ ဘစ်ကားဂိတ်ဘက်ကို ဖြေးဖြေးခြင်း လမ်းလျှောက်ထွက်လာခဲ့ရင်း ကိုယ်စီးမဲ့ ၄၂ကားပေါ် တက်ပြီးချိန်မှာ ၅း၀၅ မိနစ် ။ အောင်မင်္ဂလာကနေ ဘေလီထိပ်ထိကို ၂၀၀ ကျပ်။ မနက်အစောဆုံးထွက်တဲ့ကားမို့ထင် ဈေးသည်တွေအများဆုံးပါတယ် ။ အထုပ်တွေ၊ ဗန်းတွေ ၊ ခြင်းတွေ ၊ ဘုစုခရုလေးနဲ့စုံလို့ ။ လုပ်ငန်းခွင်ဝင်မဲ့သူလဲတွေ့မိရဲ့။ ကိုယ်တွေအိပ်ကောင်းတဲ့အချိန်သူတို့က ပြင်ပြီးဆင်ပြီးကားပေါ်အရောက် ၅နာရီဝန်းကျင်ဆိုတာကို ရှက်စရာအနေနဲ့ တွေးလိုက်မိသေးတယ်။ ကားအဝင်ဝရဲ့ ထောင့်လေးမှာမှီပြီးစီးလာရင်း သတိထားမိလိုက်တာ နောက်တခုရှိတယ်။ အရင်တုန်းက မီနီဘစ်လေးတွေက ခေါင်းခန်းယာဉ်စီးခက ပိုဈေးကြီးတယ် ။ အခု YBS ကတော့ ၂၀၀ ပဲဆိုတာကိုပါ ။ ဘေလီထိပ်ရောက်ချိန် ၅း၂၃လောက်။ ဒဂုံဝင်တဲ့ကားက စောသေးလို့မရှိသေးဘူး ။ မှတ်တိုင်မှာ ခရီးသည် တယောက်စ ၊ နှစ်ယောက်စက ရှိနှင့်နေပြီ။ ၅း၃၀လောက်မှာ ဒဂုံကနေ ဆူးလေကိုသွားတဲ့ ၂၉ က ဘေလီထိပ်ရောက်နေပြီ။ ဘေလီကနေ အောင်မင်္ဂလာအဝေးပြေးကွင်း၊ လှိုင်သာယာစတဲ့နေရာတွေကိုသွားမဲ့ကား အသီးသီးလည်း အဲချိန် ဘေလီထိပ်မှာရှိနေပြီ ။ ခဏနေတော့ ဒဂုံထဲဝင်မဲ့ ၂၉ကဘေလီကနေပဲ ကားစထွက်လာလို့ တက်စီးလိုက်တယ် ။ ၂၀၀ ကျပ် ။ မနက် ၆ နာရီ မထိုးခင်မှာ ဒဂုံထဲကို ပြန်ရောက်နေပြီ။ ဆိုတော့ ၅နာရီဝန်းကျင်မှာ အောင်မင်္ဂလာအဝေးပြေးကွင်း ဘစ်ကားဂိတ်ကနေ ဒဂုံထဲကို ၁ နာရီမပြည့်ခင်မှာ ငွေ ၄၀၀ ကျပ်နဲ့ ပြန်ရောက်နေပြီ။ YBS 😃 ။ အကြွေမရှိလို့ ပြန်မအမ်းနိုင်တဲ့ ၁၀၀ ပါထည့်တွက်ရင်တော့ ၅၀၀ကျပ်ပေါ့ဗျာ ။ မနက်ဘက်အဲ့လိုစီးလို့ညဘက်လည်း ရလားဆိုရင်တော့ မရပါ ။ အဝေးပြေးကွင်းကနေ ည ၇ နာရီဆိုရင် YBS ကားတွေမရှိတော့ပါ။ ခုစာကို ရေးတဲ့နေ့အထိပေါ့ဗျာ ။

ဘယ်ကားတွေစီးရမလဲဆိုတာကိုတော့ Bite Pu Yangon bus ကိုသုံးတယ် ။ ကားတွေရဲ့ အခြေအနေကိုတော့ ကိုစိုးသီဟနောင်ရဲ့ Yangon bus report ကိုသုံးတယ် ။ ဘာကြောင့်လည်းဆိုတော့ အဝေးပြေးကွင်းကနေ ဒဂုံထဲကို ၂ ကားစီးရင် တဆင့်တည်းနဲ့ရောက်မယ်။ ဒါပေမဲ့ ၂ ကားက ကားဆက်အရမ်းပြတ်တယ်လို့ အဲ့ App မှာ လူတွေက report ရေးထားကြတာကို ဖတ်ကြည့်ရင် သိမယ်။ App ၂ ခုလုံးကို Google Play Store မှာ အခမဲ့သွင်းယူလို့ရပါတယ်။ ကိုအိမောင်ရဲ့ Facebook ရဲ့ Messanger ကနေတဆင့် ကားလမ်းကြောင်းမေးလို့ရမဲ့ Bot လေးလဲရှိသေးတယ်ဆိုတာ အသိပေးရင်းနဲ့ပဲ.  .  ..  . ။

Comments

Popular posts from this blog

အော် ... skynet skynet

မိုးလေးမှ နည်းနည်းလေးရွာသေးတယ် 'လေ' တောင်မပါသေးဘူး skynet က nosignal တဲ့ အော် skynet .... skynet ဂျာနယ်တွေမှာ အော်နေကြတာ ခုမှပဲ ကိုယ်ချင်းစာတော့တယ်

အော်...

ကားတွေပိတ်လွန်းလှသည် ။ အလုပ်ရောက်ရင် လူကမောနေပြီ ။ ဘာမှ မလုပ်ချင်တော့ဘူး ။ :(