ဒီကနေ့ သူငယ်ချင်း(၃)ယောက်အလုပ်ကနေထွက်သွားပါတယ်.သူတို့ရသွားတဲ့နေရာက အခုထက်ပိုကောင်း ပါတယ်။ (ပိုကောင်းလို့ထွက်တာမဟုတ်ဘူးဆိုတာ ဖြူစင်တဲ့ ဘော်ဘော်တွေသိမှာပါ...) စိတ်တော့ မကောင်းပါဘူး။ အဲဒီ့ထဲက အမတစ်ယောက်နဲ့ဆို ထမင်းတောင် လက်ဆုံမစားလိုက်ဖူးဘူး။ ဒါပေမဲ့ သူတို့ကိုခင်တယ်. တစ်မိတည်းဖွားလာခဲ့တဲ့ သူတွေလိုကို ခင်တယ်။ စလိုက်၊နောက်လိုက်၊ ပြောင်လိုက်၊ စိတ်ဆိုးလိုက်နဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေလိုပဲ...ရင်ဘတ်ချင်း အရမ်းနီးတယ် ။ အလုပ်မှာ သိတဲ့သူဆိုတော့ ပိုဆိုးပါတယ်၊ သူတို့လို့ လူမျိုးတွေ ထွက်သွားတာ တော်တော်နာပါတယ်. ဒါပါပဲ စိတ်ထဲမှာ ဘာဖြစ်နေမှန်းတောင် သေချာမသိတော့ပါဘူး ...ဒါပဲရေးတော့မယ်ဗျာ.... ကျနော်တို့ အကြောင်းသင့်ရင် ပြန်ဆုံကြဦးမှာပါ..ခုတော့ သက်ပြင်းချယုံကလွှဲလို့...... :'((
မနက် ၄ နာရီခွဲကျော်ရုံလောက်က အောင်မင်္ဂလာအဝေးပြေးကွင်းထဲကို ရောက်တယ်။ ဆူဆူညံညံအသံတွေထဲ တိတ်တဆိတ်လေး ထွက်လာရင်း Arrival ရဲ့ ထိုက်ခုံတစ်ချို့မှာ အိပ်နေတဲ့ မြင်ကွင်...
Comments
Post a Comment