Skip to main content

FBI, DOJ နှင့် တခြားဖျော်ဖြေရေးဝက်ဘ်ဆိုက်များကို Anonymous တိုက်ခိုက်.



Anonymous အမည်ရှိ ဟက်ကာအဖွဲ့တစ်ဖွဲ့သည် မကြာသေးမီက ပြဌာန်းလိုက်သည့် အမေရိကန် အစိုးရ

 ၏ anti-piracy ဥပဒေကို ဆန့်ကျင်သည့်အနေဖြင့် FBI နှင့် အမေရိကန်တရားရေးဌာန အပါ အ၀င် ဖျော်ဖြေရေး ၀က်ဘ်ဆိုက်များစွာကို တိုက်ခိုက်ခဲ့ပြီး ၄င်းသည် ဟက်ကာအဖွဲ့ဝင် ၅,၆၃၅ ဦး ပါဝင် သည့် ကြီးမားသော တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း အဆိုပါအဖွဲ့က ပြောကြားသည်။
FBI နှင့် DOJ အပါအ၀င် တခြားဖျော်ဖြေရေးဝက်ဘ်ဆိုက်များဖြစ်သော Recording Industry of America, Motion Picture Association of America, Universal Music နှင့် BMI.com ဆိုက်များလည်း အဆိုပါတိုက်ခိုက်မှုကိုခံခဲ့ရပြီး ယင်းဝက်ဘ်ဆိုက်များ ပြန်လည်အသုံးပြုနိုင်ရန် တာဝန်ရှိသူများက ကြိုးစား လျှက်ရှိကြောင်း သိရသည်။ ဟက်ကာများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း Motion Picture ကဲ့သို့သော ဖျော်ဖြေရေးဝက်ဘ်ဆိုက်အချို့ ဆက်လက်အသုံးပြုနိုင်သေးပြီး ဖျော်ဖြေရေးကဏ္ဍကို ရပ်ဆိုင်း သွားအောင် ပြုလုပ်သည့် မည်သည့်အသင်းအဖွဲ့၊ ဟက်ကာများကိုမဆို အစွမ်းကုန် ကာကွယ် တားဆီး မည်ဖြစ်ကြောင်း MPAA မှပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
တိုက်ခိုက်ခံခဲ့ရသည့် အဆိုပါဝက်ဘ်ဆိုက်များမှာ တိုက်ခိုက်ခံခဲ့ပြီး မကြာမှီ ပြန်လည်အသုံးပြုနိုင်ခဲ့သည်။ ယင်းတိုက်ခိုက်မှုသည် အမေရိကန်အစိုးရ၏ Stop Online Piracy Act နှင့် Protect IP Act ဥပဒေနှစ်ရပ် ကို ပြဌာန်းပြီး တစ်ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Internet Journal Vol.13, No.04 | Thursday, January 26, 2012 | page 67 မှ ကူးယူဖော်ပြပါတယ်။



Comments

Popular posts from this blog

မနက်ခင်း YBS

မနက် ၄ နာရီခွဲကျော်ရုံလောက်က အောင်မင်္ဂလာအဝေးပြေးကွင်းထဲကို ရောက်တယ်။ ဆူဆူညံညံအသံတွေထဲ တိတ်တဆိတ်လေး ထွက်လာရင်း Arrival ရဲ့ ထိုက်ခုံတစ်ချို့မှာ အိပ်နေတဲ့ မြင်ကွင်...

အော် ... skynet skynet

မိုးလေးမှ နည်းနည်းလေးရွာသေးတယ် 'လေ' တောင်မပါသေးဘူး skynet က nosignal တဲ့ အော် skynet .... skynet ဂျာနယ်တွေမှာ အော်နေကြတာ ခုမှပဲ ကိုယ်ချင်းစာတော့တယ်

အမှတ်မရှိ

Wanted ရဲ့ အမှတ်မရှိ သီချင်းကို အမှတ်ရနေမိပြန်ပါတယ် ။ ငါ့နှယ့် ..... ဒီမီးကို ဘယ်အချိန်ထိ "တိုး" နေမိမယ်မသိ ။ ခက်လှပါဘိ ။