Skip to main content

Posts

အခု

အသက်ကြီးလာတာနဲ့အမျှ ဘာသာရေးကိုပိုမလုပ်ဖြစ်တော့ဘူး။ တကိုယ်လုံးညောင်းကိုက်နေသလို စိတ်လဲပင်ပန်းနေတယ် ။
Recent posts

?

လုပ်ချင်တာကို မလုပ်ရတဲ့ဘဝမှာ နေရတာ အတော်ပင်ပန်းတယ် ။

ပန်း၊ ဂျင်း၊ ပူစီ နဲ့ ကွေကာအုပ်

မနေ့တုန်းက ကိစ္စလေးတွေရှိလို့ စောစော အိပ်ယာထတယ်။ ခါတိုင်းနေမြင့်ရုံတင်မကဘူး မြင့်နေတဲ့နေပါ ပြန်ကျတဲ့အထိ အိပ်ရေးပုပ်လေ့ရှိရာကနေ ရှာရှာပါးပါး စောစောထတဲ့ ရုံးပိတ်ရက်လေးဆိုတော့ မထူးဘူး ကိုယ်စောင့်နတ်လဲ ပျော်ကောင်းပျော်နေမဲ့အတူတူ ကုသိုလ်လေးပါ အပိုရအောင် ဘုရာပန်းလဲဦးမှပါဆိုပြီး ဈေးသွားတယ် ။ ဟိုရောက်တော့ ဝယ်နေကျပန်းသည်စီမှာ ကိုယ်ဝယ်လေ့ရှိတဲ့ ခေါင်(ဂေါင်)မချိုးပဲ တပွင့်တည်းပွင့်စေတဲ့ ချက်စိမ်းက မတင်ထားဘူးဖြစ်နေတယ် ။  ဒီရက်ပိုင်း ရန်ကုန်က အဝယ်မလိုက်လို့ ပန်းဈေးကျတယ်လို့ မေမြို့ကနေကြားထားတာလေးရှိတော့ သူရောင်းမကောင်းလို့နေမှာဆိုပြီး ဈေးရဲ့ ဟိုဘက်တဖက်ခြမ်းက ပန်းသည်စီကို မိုးရွာထားလို့် စိုစိစိနဲ့ ဗွက်နည်းနည်း ဖြစ်နေတဲ့ ကတ္တရာလမ်း အပါက်အပြဲတွေအတိုင်း ဆက်လျောက်သွားလိုက်တယ် ။  ပန်းသည်စီရောက်တော့ ကိုယ်လိုချင်တဲ့ပန်းတင်ထားတော့ ဟုတ်ပြီးဆိုပြီး ဈေးမေးလိုက်တယ်။၁၀ ပွင့်ကို ၂၅၀၀/  ! ဒါဟာပုံမှန်ဈေးထက် တပွင့်ကို ၅၀/ ပိုတင်ထားတဲ့ဈေးပါ။ လိုအပ်နေတော့လဲ ပေးဝယ်ခဲ့ပါရပြန်တာပါပဲ။  အသည်ကတော့ ပြောလိုက်ပါတယ် - ”မောင်လေး ကောင်းကောင်းလေးတွေရွေးပေးလိုက်တယ်နော်တဲ့” ပန်းကိုပြောတာလား?  ဈေးတင်ြ...

နောက်ထပ်

အိပ်မက်ထဲ ထပ်မက်ပြန်တယ် ။ လက်မောင်းပေါ်မှာ ကွေးကွေးလေး အိပ်လို့် ။ အိပ်မက်ထဲတောင် ကိုယ့်လက်မောင်းကို ပြန်သိမ်းထားလိုက်မိပြန်တာ ။

မနက်ခင်း YBS

မနက် ၄ နာရီခွဲကျော်ရုံလောက်က အောင်မင်္ဂလာအဝေးပြေးကွင်းထဲကို ရောက်တယ်။ ဆူဆူညံညံအသံတွေထဲ တိတ်တဆိတ်လေး ထွက်လာရင်း Arrival ရဲ့ ထိုက်ခုံတစ်ချို့မှာ အိပ်နေတဲ့ မြင်ကွင်...

လိမ်သူ၏ အပြစ်မဟုတ်

အရာရာ၌ တစ်စုံတစ်ခုသော မျှော်လင့်ချက်ဖြင့် အလုပ်လုပ်သူတိုင်း မျှော်လင့်ချက်ပေးနိုင်သူတို့၏ လှည့်ဖြားလိမ်လည်ခြင်း ခံရသည်မှာ ဓမ္မတာပင်တည်း ။ လိမ်သူ၏ အပြစ်မဟုတ် ။ ဓမ္မာစရိယ ဦးဌေးလှိုင် မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် ရဟန္တာ နှင့် ပုဂ္ဂိုလ်ထူးများ ( နဝမအကြိမ် ၊ ၁၉၉၃ ခုနှစ် ၊ မေလ )

အိပ်မက်ထဲ

ကြိုတင်မသိထားနှင့်ပဲနဲ့ တနေ့နေ့ တချိန်ချိန်မှာ ပြန်ပြီတွေ့ကိုတွေ့မယ်လို့ သက်သေပြစရာမရှိပဲနဲ့ကို စိတ်ထဲက ထင်ထင်ရှားရှားကြီးသိနေတယ် ။ အဲ့စိတ်နဲ့ အိပ်မက်တွေ တကြိမ်မက မက်တယ် ။ တနေ့က ထပ်မက်ပြန်တယ် ။ မှန်ခန်းလေးတခုထဲမှာ သူက ဖိုင်တွဲလို့်ထင်ရတဲ့အရာကို ပိုက်ထားတယ် ။ ရင်ဖုံးအဖြူနဲ့ ။ ကိုယ်က အခန်းရှေ့က ဖြတ်သွားရင်းသူ့ကို လှမ်းတွေ့လိုက်လို့ နောက်ပြန်လျှောက်လာပြီး သူ့ကိုတွေ့လိုက်တဲ့ မှန်ခန်းရှေ့မှာ သွားရပ်နေမိတယ် ။ ကိုယ့်ကိုတွေ့တော့ သူအပြင်ကို ခဏထွက်လာတယ် ။ သူ့ကို ကိုယ်ဘာတွေပြောမိမှန်းမသိဘူး ။ ကိုယ့်ပတ်ဝန်းကျင်က အချိန်တွေ ၊ လှုပ်ရှားမှုတွေ ခဏရပ်သွားတယ်ဆိုတာပဲ သိတော့တယ် ။ ခဏလေးပဲ သူအခန်းထဲကို ကိုယ့်ထက်အရေးကြီးတဲ့အရာ ပေါ်လာလို့ ဖြတ်ခနဲ့ သူပြန်ဝင်သွားတာကို ကြည့်ရင် အိပ်မက်က နိုးလာတယ် ။ အိပ်မက်ထဲတောင်မှာ အကြာကြီးတွေ့ခွင့်မရပါလားလို့သာ တွေးမိတယ် ။ သူ့အိပ်မက်ထဲမှာ ကိုယ်ကိုမက်တယ်လို့ ပြောတုန်းက ကိုယ့်ကိုရော် အကြားကြီး စကားပြောဖြစ်သေးလားလို့ ချုပ်တည်းမထားပဲ မေးလိုက်ချင်တော့တယ် ။.  ..  ..  ..  ..  ..