Skip to main content

Posts

Showing posts from June, 2017

ပန်း၊ ဂျင်း၊ ပူစီ နဲ့ ကွေကာအုပ်

မနေ့တုန်းက ကိစ္စလေးတွေရှိလို့ စောစော အိပ်ယာထတယ်။ ခါတိုင်းနေမြင့်ရုံတင်မကဘူး မြင့်နေတဲ့နေပါ ပြန်ကျတဲ့အထိ အိပ်ရေးပုပ်လေ့ရှိရာကနေ ရှာရှာပါးပါး စောစောထတဲ့ ရုံးပိတ်ရက်လေးဆိုတော့ မထူးဘူး ကိုယ်စောင့်နတ်လဲ ပျော်ကောင်းပျော်နေမဲ့အတူတူ ကုသိုလ်လေးပါ အပိုရအောင် ဘုရာပန်းလဲဦးမှပါဆိုပြီး ဈေးသွားတယ် ။ ဟိုရောက်တော့ ဝယ်နေကျပန်းသည်စီမှာ ကိုယ်ဝယ်လေ့ရှိတဲ့ ခေါင်(ဂေါင်)မချိုးပဲ တပွင့်တည်းပွင့်စေတဲ့ ချက်စိမ်းက မတင်ထားဘူးဖြစ်နေတယ် ။  ဒီရက်ပိုင်း ရန်ကုန်က အဝယ်မလိုက်လို့ ပန်းဈေးကျတယ်လို့ မေမြို့ကနေကြားထားတာလေးရှိတော့ သူရောင်းမကောင်းလို့နေမှာဆိုပြီး ဈေးရဲ့ ဟိုဘက်တဖက်ခြမ်းက ပန်းသည်စီကို မိုးရွာထားလို့် စိုစိစိနဲ့ ဗွက်နည်းနည်း ဖြစ်နေတဲ့ ကတ္တရာလမ်း အပါက်အပြဲတွေအတိုင်း ဆက်လျောက်သွားလိုက်တယ် ။  ပန်းသည်စီရောက်တော့ ကိုယ်လိုချင်တဲ့ပန်းတင်ထားတော့ ဟုတ်ပြီးဆိုပြီး ဈေးမေးလိုက်တယ်။၁၀ ပွင့်ကို ၂၅၀၀/  ! ဒါဟာပုံမှန်ဈေးထက် တပွင့်ကို ၅၀/ ပိုတင်ထားတဲ့ဈေးပါ။ လိုအပ်နေတော့လဲ ပေးဝယ်ခဲ့ပါရပြန်တာပါပဲ။  အသည်ကတော့ ပြောလိုက်ပါတယ် - ”မောင်လေး ကောင်းကောင်းလေးတွေရွေးပေးလိုက်တယ်နော်တဲ့” ပန်းကိုပြောတာလား?  ဈေးတင်ြ...