ကြိုတင်မသိထားနှင့်ပဲနဲ့ တနေ့နေ့ တချိန်ချိန်မှာ ပြန်ပြီတွေ့ကိုတွေ့မယ်လို့ သက်သေပြစရာမရှိပဲနဲ့ကို စိတ်ထဲက ထင်ထင်ရှားရှားကြီးသိနေတယ် ။ အဲ့စိတ်နဲ့ အိပ်မက်တွေ တကြိမ်မက မက်တယ် ။ တနေ့က ထပ်မက်ပြန်တယ် ။ မှန်ခန်းလေးတခုထဲမှာ သူက ဖိုင်တွဲလို့်ထင်ရတဲ့အရာကို ပိုက်ထားတယ် ။ ရင်ဖုံးအဖြူနဲ့ ။ ကိုယ်က အခန်းရှေ့က ဖြတ်သွားရင်းသူ့ကို လှမ်းတွေ့လိုက်လို့ နောက်ပြန်လျှောက်လာပြီး သူ့ကိုတွေ့လိုက်တဲ့ မှန်ခန်းရှေ့မှာ သွားရပ်နေမိတယ် ။ ကိုယ့်ကိုတွေ့တော့ သူအပြင်ကို ခဏထွက်လာတယ် ။ သူ့ကို ကိုယ်ဘာတွေပြောမိမှန်းမသိဘူး ။ ကိုယ့်ပတ်ဝန်းကျင်က အချိန်တွေ ၊ လှုပ်ရှားမှုတွေ ခဏရပ်သွားတယ်ဆိုတာပဲ သိတော့တယ် ။ ခဏလေးပဲ သူအခန်းထဲကို ကိုယ့်ထက်အရေးကြီးတဲ့အရာ ပေါ်လာလို့ ဖြတ်ခနဲ့ သူပြန်ဝင်သွားတာကို ကြည့်ရင် အိပ်မက်က နိုးလာတယ် ။ အိပ်မက်ထဲတောင်မှာ အကြာကြီးတွေ့ခွင့်မရပါလားလို့သာ တွေးမိတယ် ။ သူ့အိပ်မက်ထဲမှာ ကိုယ်ကိုမက်တယ်လို့ ပြောတုန်းက ကိုယ့်ကိုရော် အကြားကြီး စကားပြောဖြစ်သေးလားလို့ ချုပ်တည်းမထားပဲ မေးလိုက်ချင်တော့တယ် ။. .. .. .. .. ..