၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ၊ ၁၃ ရက် နေ့က လုပ်ရပ်ကို ကြိုဆိုတဲ့ အနေနဲ့ favicon ကိုအရင်မြန်မာနိုင်ငံတော် အလံ အဟောင်းပုံကို ဖြုတ်ပြီး အခု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို ပြောင်းလိုက်ပါတယ်။ အရင်တုန်းကတည်းက နောက်တစ်ခေါက် လွှတ်ငြိမ်းချမ်းသာခွင့် (လွှတ်ငြိမ်းသက်သာခွင့်) ထပ်ပေးရင်တော့ အလံကို ပြောင်းလိုက်ဖို့ စဉ်းစားထားတာပါ။ နောက်လဲ ဒီထက်ကောင်းတဲ့ လုပ်ရပ်မျိုး မလုပ်နိုင်ရင် (သို့မဟုတ်) မလုပ်နိုင်သေးရင်တောင်မှ ဒီထက်မလျှော့တဲ့ ကောင်းတဲ့ လုပ်ရပ်မျိုးတွေကို အခွင့်သာတိုင်း၊ အခြေအနေပေးတိုင်း လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။