သင်္ကြန်လက်မှတ်တွေကတော့ သိတဲ့အတိုင်းခက်တော့ ဒီနှစ် ကျွန်တော် မေမြို့နားက ပွေးတောင်ဆိုတဲ့ရွာကို စောစောပြန်ဖြစ်ခဲ့တယ် ။ ရုံးပိတ်မှာက ၁၁ ရက်နေ့မှ ဒါပေမဲ့ ၉ ရက်နေ့ညကတည်းက ကျွန်တော်ပြန်လာတယ် ။ ကြုံလို့တစ်ခုဝင်ပြီး လျှာရှည်လိုက်ဦးမယ် ကားတွေ ခဏခဏမှောက် ၊ တိုက် လို့လားမသိဘူး မြတ်မန္တာလာထွန်းကား ဖြေးဖြေးပဲမောင်းလာတယ် ။ တစ်ခုပဲ safety belt ကသုံးမရဘူး :3 ။ ထားတော့ ။ ဘုန်းကြီး ၁၂ ရက်နေ့ ( တနင်္ဂနွေ )မှ ၀တ်မှာ ဆိုတော့ စားလိုက် ၊ အိပ်လိုက်ပေါ့ ။ ၁၁ ရက်နေ့ည ( စနေ့နေ့ ) မှာ အဖွားနဲ့ VOA နားထောင်နေတုန်းမှာ တိုက်ရိုက်လေလှိုင်းအစီအစဉ်လာပါရော်လား ။ ဆရာဆူးငှက် နဲ့ ကိုနေဘုန်းလတ် တို့ကို ဖိတ်ထားပြီး ပြောကြ ၊ ဆိုကြ ၊ ဖုန်းပြောရင်း လိုင်းတွေ " ကျ " ကြပေါ့ ။ သင်္ကြန်မတိုင်ခင် ကတည်းက FB ပေါ်မှာ ဆေးတွေအကြောင်းလည်း တွေ့တွေ့နေရတာပဲ ။ အရင်နှစ် သင်္ကြန်တွေတုန်းကလည်း မြင်နေရတာပဲ ။ လူငယ်တွေ ( လူကြီးတွေလည်း ပါပါတယ် ) မြင်မကောင်းအောင် မူးနေကြတာ ။ မိန်းကလေးတွေလည်း ဖြစ်ပျက်နေလိုက်တာ ၊ ၀တ်စားထားလိုက်ကြတာ ။ ဟိုးအရင်တုန်းကတော့ ပြောပါတယ် အစိုးရက လူငယ်တွေကို လှုပ်မရအောင်အကုန်ချုပ်ထားတော့ ဒီအချိန်လေးပဲ သူတို့ပျော်ရတာ ပျော်ပါစေဆိ...